Wednesday 19 September 2018

Android ဖုန်းတစ်လုံးတွင် ပါဝင်နေသည့်အစိတ်အပိုင်းများ (Android Architecture)

(Android Architecture) ကို Android ဖုန်းတစ်လုံးတွင် 
ပါဝင်နေသည့်အစိတ်အပိုင်းများ ဆိုပြီး ခေါင်းစဉ်လေးတပ်ပေးလိုက်ပါတယ်။

Android System ပိုင်းကို နားလည်ပြီးသား လူတွေအတွက်တော့ 
ဒီပိုစ့်ကို ဖတ်ရှုနေဖို့ သိပ်မလိုလောက်တော့ပါဘူး အခုမှ စတင်လေ့လာမည့်သူနဲ့
ဖုန်းတစ်လုံးတွင် ပါဝင်နေသည့် အစိတ်အပိုင်းများကို မသိသေးတဲ့သူတွေနဲ့
သိအောင် ကြိုးစားနေကြတဲ့ ညီအကိုတွေအတွက် အထူးဖတ်ထားသင့်ပါတယ်။


Android operating system ဆိုတာ Software Components များကို
ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်၊ Software Components ဆိုသည့်နေရာတွင်
 ပြမ်းမျှအားဖြင့် Sections အားဖြင့် ငါးခုပါဝင်ပါတယ်။
 
အဆိုပါ Sections များသည် Main layers တွေဖြစ်ကြပြီး ဖုန်းတစ်လုံးအတွက်
 အရေးပါလှပါသည်၊ ထိုအစိတ်အပိုင်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အတိုချုံ့ပြောရရင်တော့ Android ဖုန်းတစ်လုံးကို
  အောက်ပါအတိုင်း တည်ဆောက်ထားတာပဲဖြစ်ပါတယ်။


Architecture diagram
--------------------------

#1. Linux Kernel

#2.  Libraries 

#3. Android Runtime

#4.  Applications Framework

#5.  Applications



 #1 : Linux Kernel

Linux Kernel က Android Operating System ရဲ့ အသည်းနှလုံးလို့ပြောရင်လည်း ရပါတယ်၊ 
Linux Kernel က အရေးကြီးတဲ့ Hardware နဲ့ အနီးကပ်ဆုံးအပိုင်းဖြစ်ပြီး Device Driver တွေရှိတဲ့
အပိုင်းလည်းဖြစ်ပါတယ်။

သူအဓိက ထောက်ပံ့ပေးနေတာကတော့ basic system ပိုင်းရဲ့ Function များနဲ့ အခြားသော
Process Management, Memory Management, device management ပိုင်းတွေပဲဖြစ်ပါတယ်။

 နောက်တစ်မျိုးပြောနိုင်တာက Linux Kernel က Android ဖုန်းတစ်လုံးတွင် ပါဝင်နေသည့်
Hardware ပိုင်းနဲ့ software layers တွေကို ချိတ်ဆက်ပေးပြီး အလုပ်လုပ်စေတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

ဥပမာ...။ Driver Software ဆိုပါတော့ အဲဒီ Software က Hardware ချိတ်ဆက်မှုကို သိရှိနိုင်အောင်
ပြုလုပ်ပေးတဲ့ Software မျိုးကိုပြောတာပဲဖြစ်ပါတယ်၊ ပြီးတော့ camera, keypad, display အစရှိတဲ့
components များကို ထပ်ဆင်ထားသော်ငြားလည်း သူတို့ရဲ့ သက်ဆိုင်ရာ Driver Software များသာ
မရှိပါက System ပိုင်းက Camera, keypad, display စတာတွေကို ချိတ်ဆက်မှု ပေးစွမ်းနိုင်လိမ့်မယ်မဟုတ်ပါ။


#2 : Libraries

Linux Kernel ရဲ့ အပေါ်မှာတော့ Native Libraries တည်ရှိပါတယ်။
၎င်းထဲမှာ WeKit, OpenGL, FreeType, SQLite, Media စသည်ဖြင့် Android ကို
ထောက်ပံ့ပေးမယ့် libraries များပါဝင်ပါတယ်။

1. Media Framework - Media ဆိုရင်တော့ Audio ဖိုင်တွေ 
Video ဖိုင်တွေကို ဖွင့်နိုင်ဖို့ Record လုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

2. SQLite - သူက database engine ကိုပြောတာဖြစ်ပြီး database management အတွက်
သီးသန့်အလုပ်လုပ်ပါတယ်။ (Data များစုဖွဲ့ပြီး ရှိသည့်နေရာကို database ဟုခေါ်)

3. OpenGL - Java interface ဖြစ်ပါတယ်၊
 2D or 3D graphics စတာတွေအတွက်ဖြစ်ပါတယ်။

4. SSL - Internet security ပိုင်းကို ထောက်ပံ့ပေးပါတယ်။

5. WebKit - Browser ကိုထောက်ပံ့ပေးဖို့အတွက်ဖြစ်ပါတယ်။

6. Surface Manager - multiple applications များမှ 2D and 3D graphic layers များကို
 display subsystem အတွက် အဆင်ပြေချော့မွေ့အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

7. FreeType - Font အတွက် အထောက်အပံ့ပေးပါတယ်။


 #3 : Android Runtime 

Android Runtime  တွင် Core Java Libraries များနဲ့ 
Dalvik Virtual Machine ဆိုပြီး နှစ်ပိုင်းပါဝင်ပါတယ်။

 
 Dalvik Virtual Machine ပိုင်း
 ----------------------------------
Dalvik Virtual Machine ကို အတိုကောက်အားဖြင့် JVM လို့ခေါ်ပါတယ်၊

 Android Devices တွင် Apps များကို ထည့်သွင်းတဲ့အခါ Optimize (ပိုကောင်းလာအောင်)
 low processing လိုခေါ်တဲ့ memory & power အနိမ့်ပိုင်းများအတွက် အလုပ်လုပ်ပေးပါတယ်။

Dalvik Virtual Machine က JVM နဲ့ အလားသဏ္ဍန်တူညီပါတယ်၊ ဒါပေမယ့်လည်း 
designe ပိုင်းနဲ့ optimize ပိုင်းတွင် ကွဲပြားခြားနားကြပါတယ်။ 

Dalvik Virtual Machine ကျွန်တော်တို့ရေးထားတဲ့ Source Code တွေ 
(Android application) ကို စက်နားလည်အောင်  ထည့်သွင်းအသုံးပြုနိုင်အောင် 
Machine Language အဖြစ် ဘာသာပြန်ပေးနိုင်ပါတယ်။

 
Core Java Libraries ပိုင်း
------------------------------
Core Java Libraries က Java programming language အတွက် ဖြစ်ပြီး 
Android applications များကို ရွေးဆွဲနေကြတဲ့ Android application developers များအတွက် 
Java SE libraries များကို လုပ်ဆောက်ချက်တွေ ပိုကောင်းလာအောင် အထောက်အပံ့ပေးပါတယ်။

 
#4 : Application Framework

Android architecture အတွက် ဒုတိယ အရေးပါလှတဲ့ component တစ်ခုဖြစ်ပါတယ်၊ 
Application ဖန်တီးတဲ့ Developers တွေက ဒီ Application Framework အပေါ် အခြေခံပြီး ဖန်တီးရေးကြတာပဲဖြစ်ပါတယ်။

Android Application များက Application Framework နဲ့ တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ကြပါတယ်၊ Android က Java Programming Language နဲ့ရေးရတယ်ဆိုပေမယ့် PC အတွက်ရေးတာ မဟုတ်တဲ့အတွက် သူ့အတွက်သီးသန့် Framework ကို Google ကထုတ်ပေးထားပါတယ်၊ ၎င်း Framework ကိုအခြေခံပြီး Android Application တွေကို Develop လုပ်တာဖြစ်ပါတယ်။

 
Application Framework များ
--------------------------------
အောက်ဖေါ်ပြပါ အကြောင်းရာ များသည့် Application Framework Blocks များဖြစ်ကြပါသည်

1. Activity Manager - Application များ၏ Activity များကို စီစဉ်ပေးခြင်း။

2. Content Provider - Data sharing များနဲ့ Application နှစ်ခုရဲ့ကြား စီစဉ်ပေးခြင်း။

3. Telephony Manager - voice calls များကို စီစဉ်ပေးခြင်း။

4. Location Manger - GPS နဲ့ cell tower များကို 
အသုံးပြုပြီး Locations များကိုစီစဉ်ပေးခြင်း။

5. Resource Manager - ကျွန်တော်တို့ အသုံးပြုလိုက်တဲ့ 
Android Application ၏ Resources ပေါင်းများစွကို စီစဉ်ပေးခြင်း။

6. Notification Manager - User များအတွက် display alerts နဲ့ 
notifications များကို စီစဉ်ပေးခြင်း။
#5. Applications

User တွေတိုက်ရိုက် ထိတွေ့နေရတာတော့ Application တွေပဲဖြစ်ပါတယ်၊ Application တွေမှာ
System Application နဲ့ User Application ဆိုပြီး အုပ်စုနှစ်ခုပြန်ခွဲယူနိုင်ပါတယ်။

System Application ကတော့ Device မှာမရှိမဖြစ်လိုအပ်တဲ့ Application တွေလို့ပြောလို့ရပါတယ်
ဥပမာ... Home laucher, Phone, Message, Setting, Camera စတဲ့ Application တွေကိုပြောတာပါ။

User Application ဆိုတာကတော့ အသုံးပြုသူက စိတ်ကြိုက်ထပ်ထည့်ထားတဲ့
Game တွေ Application ဖြစ်ပါတယ်၊

 
Application တွင်ပါဝင်သည့် အရာများ
------------------------------------------
Home, Dialer, Contacts, Voice Dial, Email
Calendar, Browser, Media Player, Camera
Albums, Clock, Calculator, Alarm, IM


Android အစိတ်အပိုင်းတွင် Application သည် Top layer ဖြစ်ပြီး Developers များမှရေးဆွဲထားပြီး
ဒီ layer တွင် ထည့်သွင်း အသုံးပြုခြင်း ပြန်လည် ဖျက်ပယ်နိုင်ခြင်းစတဲ့ Feature များကို တိုက်ရိုက်ထိ
တွေ့ခွင့်ပေးပြီး အသုံးပြုနိုင်သည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

မှတ်ချက်...။
 ဖေါ်ပြပါ Android architecture ကို (သို့) Android ဖုန်းတစ်လုံးတွင် ပါဝင်နေသည့်
အစိတ်အပိုင်းများကို လေ့လာရာမှာ စာဖတ်သူက Programming သဘောတရားများကို လုံးဝမလေ့လာဘူးသူတစ်ယောက်ဆိုရင်တော့ နားလည်ဖို့ရန် ခက်ခဲနိုင်ပါတယ်၊ 

 သို့ပေမယ့် အထက်ပါ အကြောင်းအရာများကို ဖတ်ရှုပြီး Android ဖုန်းတစ်လုံးအတွက်
တည်ဆောက်ထားပုံကို သဘောပေါက် နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။


 Ref#1. Android System Book (Sithu Paing)

   #2. www.androidtutorialsworld.com

       #3. www.tutorialspoint.com


အားလုံးကိုကျေးဇူးတင်ပါတယ်




ဇူးနစ်(နည်းပညာ)