Saturday 7 October 2017

Samsung Galaxy J7 SM-J710GN (2016) ဖုန်းဗားရှင်း 7.0 Malaysia Firmware တင်နည်း

                                     


                                           Samsung Galaxy J7(2016) SM-J710GN  
                                         ဖုန်းဗားရှင်း 7.0. Malays Firmware တင်နည်းကို
အလိုရှိနေကြတဲ့သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းဗားရှင်း 7.0 nougat ကို Official Firmware ဖြစ်ပါတယ်၊ Official ဆိုရာတွင်
Sammobile ကနေ ဒေါင်းလော့ပြီး စမ်းသပ်ရေးပြီးမှ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

 အချို့သော သူတွေက ဖုန်းကို Root ဖောက်ဖို့ကြိုးစားကြတယ်၊ TWRP သွင်းတယ်
သို့မဟုတ် Custom Rom တစ်ခုခု တင်သုံးမယ်ကြံတယ်၊ ဒါပေမယ့် အဆင်မပြေဘူး



အကြောင်းကြောင်းကြောင် Original Firmware 6.0.1 ကိုပြန်တင်ရတော့မယ်
ဆိုတဲ့အခါ Odin ကနေအလွယ်တကူ တင်ယူကြတယ်၊ ဘာဖြစ်လဲဆိုတော့

Odin မှ Fail ပဲပြနေပြီး ရှေ့ဆက်ပြီး ဘာလုပ်ရမယ်မှန်း မသိပဲ တိုင်ပတ်နေကြတဲ့
သူတွေအတွက် SM-J700F (2015) မှတ်တယ်ဆိုရင် Made in Vietnam ဖြစ်တယ်ဆိုရင်
Firmware လည်းစုံပြီး Odin မှ Fail ပြန်နေတုန်းပဲဆိုရင် ဒီ Firmware ကိုရေးကြည့်လိုက်ပါ။

Only tar ပဲနော် စမ်းထားပြီးသား ပြီးတော့ Sammobile မှ အကောက်ဖွင့်ပြီးမှ
ဒေါင်းလော့ရယူမှာဖြစ်တဲ့အတွက် အကောက်မရှိဘူး အဆင်မပြေကြတဲ့သူတွေအတွက်
ကျနော် ဒေါင်းလော့ရယူထားတဲ့ Firmware.zip ဖိုင်ကို Mediafire ကနေ တစ်ချက်တည်းဖြင့်
ဒေါင်းလော့ရယူနိုင်အောင် ပြန်တင်ပေးထားတာမို့ မဖြစ်မနေ ဒေါင်းလော့ရယူထားလိုက်ပါ။
Firmware တင်ရင်တော့ ပုံမှန်အတိုင်း Odin Flash Tool ကို အသုံးပြုပြီး
PDA နေရာကနေ အလွယ်တကူ Flash ပေးပြီး တင်ယူနိုင်ပါတယ်။
  

လိုအပ်ချက်များ
=========
၁။ မိမိဖုန်း၏ Device Mobile No. ကိုစစ်ကြည့်ပါ။

၂။ Battery အား အနည်းဆုံး 50% နှုန်းရှိရပါမည်။

၃။ ဖုန်းကို Backup ပြုလုပ်ထားပါ။

၎။
Samsung Galaxy J7(2016) SM-J710GN တင်နည်း အတွက်သာဖြစ်ပါတယ်။

၅။ ဗားရှင်းကတော့ Android 7.0 nougat ဖြစ်ပါတယ်။


အောက်မှာယူပါ
 How to Install Only tar.file Firmware
========================
၁။ ဖုန်းတွင် developer option မှ USB debugging’ နဲ့ 
‘OEM Unlock’ ကိုအမှန်ခြစ်ပေးထားပါ။

၂။ ဒေါင်းလော့လင့်မှာ Stock Rom Firmware ကိုဒေါင်းလော့ရယူလိုက်ပါ။

၃။ ဒေါင်းလော့ရလာတဲ့ Firmware.zip ဖိုင်ကို ဖြည်လိုက်ပါ။

၎။ Odin ကိုဒေါင်းလော့ရယူပြီး zip ဖြည်ပြီး ဖွင့်လိုက်ပါ။

၅။ ဖုန်းကို ပါဝါပိတ်ပါ၊ ပြီးရင် Vol down + Home + power ကီးများကိုတွဲနှိပ်ပြီး ဖုန်းကို
Download mode သို့ဝင်လိုက်ပါ၊ Warning screen မြင်နေရရင် Volume up နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် ID: COM နေရာမှာ အောက်ပါပုံအတိုင်း Massage Option အောက်တွင်
add massage စသည်ဖြင့် မြင်နေရရင်တော့ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေနေပါပြီ။

၈။ တကယ်လို့ Odin Flash Tool တွင် ID: COM နေရာ၌ အပြာရောင်ဖြင့် မမြင်ရရင်တော့ ဖုန်းနဲ့
ကွန်ပျူတာချိတ်ဆက်မှု USB Driver အဆင်မပြေသေးပါ Driver ကိုပြန်လည် Install ပြုလုပ်ပါ။

၉။ Odin က AP/PDA  ဆိုတဲ့နေရာမှာ တစ်ချက်နှိပ်ပြီး 
stock firmware file.tar ဖိုင်ကိုထည့်လိုက်ပါ။

၁၀။ အောက်ပါပုံအတိုင်း “Auto Reboot” နဲ့ 
“F.Reset Time“ Option နှစ်ခုကို အမှန်ခြစ်ပေထားပါ။

၁၁။ Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၁၂။ Flashing Process ပြီးတာနဲ့ Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။


၁၃။ ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။

အထက်ဖေါ်ပြပါ နည်းလမ်းသည် Samsung Devices များအားလုံးအတွက် 
 Firmware ရေးသားနည်း အပြည့်အစုံ Complete guide ဖြစ်ပါတယ်။



 အဆင်ပြေကြပါစေ


ဇူးနစ်(နည်းပညာ)