Photo Credit: androiding.how
ADB & Fastboot ဖြင့် TWRP Recovery ထည့်သွင်းနည်းကို
လေ့လာခါစညီအကိုများအတွက် ထပ်တင်ပေးလိုက်ပါတယ်။

Android Device တွင် Bootloader / Fastboot mode မှ System ပိုင်းတွင်
ပါဝင်နေသည့် Partition တိုင်းကို Flash ပြုလုပ်ခွင့်ပေးထားတာလည်း ဖြစ်ပါတယ်။
အဆိုပါ Partition များကတော့ System, boot, recovery, cache စတာပဲဖြစ်ပါတယ်၊
ဒီနည်းလမ်းဖြင့် OEMs မှ partition images တစ်ခုတည်းကိုသာ Flash လုပ်ယူနိုင်တာမဟုတ်ပဲ
Custom built.img files များကိုလည်း ဒီ via Fastboot ဖြင့် ထည့်သွင်းယူနိုင်ပါတယ်။
ဥပမာ- Custom Recovery များတွင် TWRP မျိုးပေါ့
အောက်ဖေါ်ပြပါ နည်းလမ်းသည် Via Fastboot ဖြင့်
TWRP Recovery ကို ထည့်သွင်းနည်း Guide ပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမည်။
၂။ ADB and fastboot နဲ့ driver ကို ကွန်ပျူတာတွင်
Install ပြုလုပ်ထားရပါမည်။
၃။ သက်ဆိုင်ရာ ဖုန်းအတွက် TWRP Recovery file
Minimal ADB and Fastboot Tool
Download Here ADB & Fastboot Zip
အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း

Download TWRP Recovery for you device
ADB & Fastboot ဖြင့် TWRP Recovery ထည့်သွင်းနည်း
====================================
၁။ မိမိဖုန်းအတွက် သက်ဆိုင်ရာ TWRP recovery.img file ကိုဒေါင်းလော့လိုက်ပါ။
၂။ ADB and Fastboot အတွက် Minimal ADB and Fastboot Tool ကအဆင်ပြေပါတယ်၊
မှတ်ချက်...။ ADB and Fastboot ကို zip & Folder ဖြင့် အသုံးပြုရင်လည်း အဆင်ပြေပါတယ်။
SKD မှ Platform Tool ဖြင့်လည်း အသုံးပြုနိုင်ပါတယ်၊ မိမိအတွက်အဆင်ပြေနိုင်တာကို အသုံးပြုပါ။
၃။ ဖုန်းမှ Developer Options မှ USB debugging ကို Enable ပြုလုပ်ထားပါ။
၎။ ဒေါင်းလော့ရယူထားတဲ့ TWRP Recovery File ကို
ADB & Fastboot Folder မှာထည့်ထားပါ။
၅။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၆။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
“adb reboot bootloader”
သို့တည်းမဟုတ် ဖုန်းကို ပါဝါပိတ်ပြီး “Volume Down+Home Buttons" ကီးများကို
တစ်ပြိုက်နက်တည်း တွဲနှိပ်ပြီးလည်း ၀င်ယူနိုင်ပါတယ်။
၇။ ဖုန်းမှာ Fastboot mode သို့ရောက်သွားတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု

အဆင်ပြေ မပြေ အောက်ပါ Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။
fastboot devices
fastboot devices
၈။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။
fastboot flash recovery twrp.img

၉။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ ဖုန်းကို
Recovery Mode သို့ ဝင်ကြည့်လိုက်ပါ၊ ဒီအတွက် အောက်ပါ
command ကို ရိုက်ထည့်ပြီး ၀င်ကြည့်လိုက်ပါ။
fastboot boot recovery.img
fastboot boot recovery.img
၁၀။ ဖုန်းကို Reboot ချပေးရန်အတွက် အောက်ပါစာကြောင်းကိုရိုက်ထည့်ပါ
“fastboot reboot”
သို့တည်းမဟုတ် Hard ware Button များကို အသုံးပြုပြီး ပုံမှန်အတိုင်း
“volume up + power button” များကို တွဲနှိပ်ပြီးတော့လည်း ၀င်နိုင်ပါတယ်။

၁၁။ သင့်ဖုန်းမှာ TWRP Recovery ဖြင့်မြင်နေရရင်တော့အောင်မြင်ပါပြီ။
ဇူးနစ်(နည်းပညာ)